ဒီနေ့ 26.3.2012 မှလာဝင်တဲ့လူပါ။
ဇွဲကပင်၊ဒေါန၏ဆန္ဒ
-------------------
ဖားစည်သံဝေတဲ့မြေမှာ
ယမ်းငွေ့တွေပြယ်ပါစေတော့...။
ဒေါနကို အကြိမ်ကြိမ်ကျော်လွှားခဲ့သလို
သောင်ရင်းကို အခါခါဖြတ်ခဲ့ပြီးပြီ
သည်တစ်ချီ
ဇွဲကပင်စေတီကို ဖူးခွင့်ပြုဦးပေါ့။
စစ်ဝေးတဲ့
သံလွင်ကမ်းနံဘေး
ငြိမ်းချမ်းရေးတေး ဆိုကြရအောင်။
ညီနောင်တွေပျော်မဆုံးတဲ့
မြူးကြွကြွဒုံးယိမ်းအကကို
အတူတူ ပျော်ပါးပါး
နွဲကြစို့လား...။